Skip to main content

စာပေ၊ ရိုးရာ ယဥ်ကျေးမှု

ဓလေ့ထုံးတမ်းအောက် ရှုံးနိမ့်နေသော နှလုံးရည်လှ သူရဲကောင်း

မိုင်းရူကော၊ ရွှေဖီမြေ

ဆိုလာမီး အားကိုး၍ ရက်သားအရွယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦးကို နို့တိုက်ဖို့ ကြိုးစားနေသည့် မြင်ကွင်းမှာ စိတ်မချမ်းမြေ့စရာများဖြင့် ရောယှက်နေသည်။ ကလေးငိုသံတိတ်အောင် ကြိုးစား၍ နို့တိုက်နေသည့် အသက် (၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား မိခင်ဖြစ်သူက ဘေးမှနေ၍ နို့တိုက်ရမည့်ပုံစံကို ပြောပြနေသည်။

ရက်သားအရွယ် ကလေးငယ်ကလည်း နို့ဆာနေပြီး ငိုကြွေးနေသောကြောင့် မိခင်ဖြစ်သူ အမျိုးသမီးငယ်က ကြိုးစား၍ တိုက်နေစဉ် ၅ မိနစ်ခန့်အကြာတွင် ကလေးငိုသံတိတ်သည့်အခါမှသာ မိခင်ဖြစ်သူက ပြုံးနိုင်တော့သည်။

လက်မထပ်ပဲ ကလေးရခဲ့ရင် ရွာအပြင် နေထိုင်ခိုင်းတဲ့ ဓလေ့

လူငယ်ချင်း ချစ်ကြိုက်ရာကနေ မှားယွင်းပြီးနောက် ကလေးရလာတဲ့အခါ ရွာထဲမှာ မနေထိုင်ခိုင်းပဲ ရွာအပြင်မှာသာ နေထိုင်ခိုင်းတဲ့ ဓလေ့ဟာ ကွတ်ခိုင်မြို့နယ်ထဲမှာ ရှိနေပါတယ်။

လွေးမို(အမည်လွှဲ)ကလည်း သူမရဲ့ ယောကျာ်း၊ ရက်သားအရွယ် ကလေးငယ်နဲ့အတူ အခုလို နေထိုင်ရတဲ့သူတစ်ယောက်ပါ။

ဒါကလည်း ဘိုးဘွားစဉ်ဆက်ကတည်းက ကျင့်သုံးလာတဲ့ ဓလေ့တစ်ခု ဖြစ်ပါတယ်။

ဒီလို ဓလေ့တွေဟာ အခုခေတ် အခုခါမှာ ရှိသင့်သေးသလား?

ဘာကြောင့် အခုလို ရွာအပြင် လယ်တဲထဲမှာ နေထိုင်ခိုင်းတာလဲ?

ရွှေဖီမြေရဲ့ ရုပ်သံသတင်းထောက် လွေးအေးမီးက တင်ဆက်ပေးထားပါတယ်။

Subscribe to စာပေ၊ ရိုးရာ ယဥ်ကျေးမှု