Skip to main content

မိုင်းဝီးမှာ စားဆီနဲ့ စက်သုံးဆီ စျေးတက်နေ

မိုင်းဝီးမှာ စားဆီနဲ့ စက်သုံးဆီ စျေးတက်နေ

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ခမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ စားဆီ၊ ဓာတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းတွေ မြှင့်တက်လာနေပါတယ်။

ယခင်လတွေမှာ ဒီဇယ် ၅ ဂါလံတစ်ပုံးကို စျေးအမြှင့်ဆုံး ၁၆,၀၀၀ ကျပ်သာ ပေးရသလို လက်ရှိမှာတော့ ၂၅,၀၀၀ ကျပ်၊ စားဆီကလည်း ယခင်က ၉,၀၀၀ ကျပ်သာ ရှိပေမဲ့ လက်ရှိမှာ ၁၃,၀၀၀ ကျပ်နဲ့ ဝယ်နေရတယ်လို့ သိရပါတယ်။

ဒီဇယ် လာဝယ်သူ လူငယ်တစ်ဦးက “အရင်က ဒီဇယ်ငါးဂါလံတစ်ပုံးက စျေးတက်ရင်တောင် ၁၆,၀၀၀ လောက်ဘဲ။ ဒီနေ့သွားဝယ်တော့ ၂၅,၀၀၀ ကျပ်အထိ တက်သွားတယ်။ ဓာတ်ဆီလည်း အတူတူဘဲ။ ၂၄,၀၀၀ ကျပ် ရောက်သွားတယ်။ စားဆီလည်း စျေးတက်တယ်။ နောက်ဆို ဆိုင်ကယ်စီးပြီး စျေးမသွားဘဲ ခြေလျင်နဲ့သွားရမလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

၎င်းစျေးဟာ မိုင်းဝီးကျေးရွာအတွင်း နေထိုင်တဲ့ တိုင်းရင်းသားနဲ့ အနီးအနားရှိ ကျေးရွာခံတွေ အဓိက မှီခိုနေရတဲ့ စျေးတစ်ခု ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကျေးရွာခံတွေဟာ အခုလို ကုန်စျေးနှုန်းတက်တဲ့ ပြဿနာကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။

#သတင်း/ဓာတ်ပုံ- CJ (နမ့်ခမ်း)
#စားသုံးဆီ #စက်သုံးဆီ #စျေးတက် #မိုင်းဝီးရွာ #နမ့်ခမ်း

Catagories