Skip to main content

နမ့်ဆန်က ပစ်ခတ်မှု ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေဆုံး

နမ့်ဆန်က ပစ်ခတ်မှု ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေဆုံး

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ဆန်

ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က နမ့်ဆန်မြို့နယ် လွယ်ခမ်းနဲ့ ငွန်ဆိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ​ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာခံတွေက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

“သူက အခြားရွာကနေ လက်ဖက်ရည်သွားသောက်မလို့လား။ သောက်ပြီး ပြန်လာတဲ့အချိန်လား မသိဘူး။ အဲမှာ ပစ်ခံရတာ။ သေနတ်သံတွေတော့ ကြားရတယ်။ ရွာနှစ်ရွာကြားက တောင်ကာထားတော့ အသံတော့ သိပ်မကြားလိုက်ရဘူး။ သူ​သေသွားတာကတော့ သေချာပြီ။ ဘယ်လိုပုံစံနဲ့ သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”

သေဆုံးသွားသူ ဦးထွန်းမြတ်လေးဟာ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင် တပ်ရဲ့ လက်အောက်ခံ တပ်ဖွဲ့ပဲ ဖြစ်ပါတယ်။

ပစ်ခတ်မှုဟာ စစ်အာဏာရှင် တပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့အကြား နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ​ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေးရဲ့အလောင်းကို နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#ပစ်ခတ်မှုဖြစ် #သေဆုံး #ပြည်သူ့စစ်ခေါင်းဆောင် #နမ့်ဆန်

Catagories