Skip to main content

နမ့်ဆန်မြို့အနီး စစ်အာဏာရှင် တပ်နဲ့ TNLA တိုက်ပွဲဖြစ်

နမ့်ဆန်မြို့အနီး စစ်အာဏာရှင် တပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ဆန်

ဒီနေ့ မတ်လ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ နမ့်ဆန်မြို့အနီးရှိ လွယ်ခမ်းကျေးရွာမှာ စစ်အာဏာရှင် တပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေချိန် အနီးအနားရှိ ဒေသခံတစ်ဦးက “TNLA က ပြည်သူ့စစ် ထွန်းမြတ်လေးအိမ်ကို လာပစ်တာ။ တပ်ကလည်း ကားသုံးစီးနဲ့ ရောက်လာပြီးတော့ အပြန်အလှန် ပစ်ကြတာ” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးနေအိမ် ထိမှန်ခဲ့ပြီး လူအထိအခိုက် ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

လက်ရှိမှာတော့ အခြေအနေ တည်ငြိမ်သွားပြီး TNLA တပ်ဖွဲ့တွေ ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

#တိုက်ပွဲဖြစ် #လွယ်ခမ်းရွာ #နမ့်ဆန်

Catagories