Skip to main content

မူဆယ် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရသူ (၂၃)ဦးအထိရှိပြီး ၄ ဦးသာ ပြန်လွတ်လာသေး

မူဆယ် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရသူ (၂၃)ဦးအထိရှိပြီး ၄ ဦးသာ ပြန်လွတ်လာသေး

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဒီနေ့ မတ်လ ၁၄ ရက်အထိ ဖမ်းဆီးခံရသူ (၂၃)ဦးအထိရှိပြီး ၄ ဦး ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ၄ ဦးထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ နို့တိုက်မိခင်တစ်ဦးတို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြန်လွတ်လာတဲ့သူတွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ဖမ်းခံရတဲ့ (၁၃)ယောက်ထဲကသူတွေပဲ ပြန်လွတ်လာတယ်။ ကျန်တဲ့လူတွေတော့ ပြန်မလွတ်လာသေးဘူး”

ပြီးခဲ့တဲ့ မတ်လ ၈ ရက်က ဖမ်းဆီးခံရသူတွေနဲ့ ပြန်မလွတ်လာသေးတဲ့ လူတွေကိုတော့ အကြည်ညို ပျက်စေတဲ့ ပုဒ်မ (၅၀၅)(က)နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၀ ရက်မှာလည်း ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံအပါအဝင် NLD ပါတီ ရဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးတို့ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ (၂၅)နဲ့ အမှုဖွင့်ထားပါတယ်။

#ဖမ်းဆီးခံရသူ #ပြန်မလွတ်သေး #မူဆယ်
#ပုံစာ- မတ်လ ၁၁ ရက် ဆန္ဒပြမှုမှာ ဖမ်းဆီးခံရသူတွေ

Catagories