Skip to main content

နမ့်အွမ်နဲ့ တီးမကျေးရွာကြားမှာ KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

နမ့်အွမ်နဲ့ တီးမကျေးရွာကြားမှာ KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား

ရွှေဖီမြေ၊ မတ်လ ၉ ရက်၊ မူဆယ်

မနေ့ မတ်လ ၈ ရက် မနက် ၈ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တီးမနဲ့ နမ့်အွမ်ကျေးရွာကြားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ တပ်မတော်တို့အကြား မိနစ် (၂၀)ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသူ ကျေးရွာခံတစ်ဦးက “တိုက်ပွဲက မနက်ကဖြစ်တာ တီးမကျေးရွာမှာတော့ မဟုတ်ဘူး။ တီးမရွာနဲ့ နမ့်အွန်ရွာကြားမှာ ဖြစ်တာပါ” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၄ ရက်မှာလည်း KIA နဲ့ တပ်မတော်တို့အကြား မူဆယ်မြို့နယ် မန်တောင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ကျေးရွာခံ (၅၉)ဦးဟာ နမ့်ခေါင် ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

အဆိုပါ တိုက်ပွဲရှောင် (၅၉)ဦးဟာ မနေ့ မတ်လ ၈ ရက် မနက်ပိုင်းမှာ နေရပ်ပြန်သွားကြပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း KIA နဲ့ တပ်မတော်တို့အကြား ကွတ်ခိုင်မြို့နယ်ထဲကက မန်လွယ်၊ မန်နောင်၊ မန်ပြိန်းနဲ့ မူဆယ်မြို့နယ် တီးမကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

#တိုက်ပွဲဖြစ် #မူဆယ် #KIA #တပ်မတော်

Catagories