Skip to main content

သတင်း

မိုင်းဝီးမှာ စားဆီနဲ့ စက်သုံးဆီ စျေးတက်နေ

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ခမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာမှာ စားဆီ၊ ဓာတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းတွေ မြှင့်တက်လာနေပါတယ်။

ယခင်လတွေမှာ ဒီဇယ် ၅ ဂါလံတစ်ပုံးကို စျေးအမြှင့်ဆုံး ၁၆,၀၀၀ ကျပ်သာ ပေးရသလို လက်ရှိမှာတော့ ၂၅,၀၀၀ ကျပ်၊ စားဆီကလည်း ယခင်က ၉,၀၀၀ ကျပ်သာ ရှိပေမဲ့ လက်ရှိမှာ ၁၃,၀၀၀ ကျပ်နဲ့ ဝယ်နေရတယ်လို့ သိရပါတယ်။

Catagories

နမ့်ဆန်က ပစ်ခတ်မှု ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦး သေဆုံး

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ဆန်

ဒီနေ့ ညနေ ၄ နာရီဝန်းကျင်က နမ့်ဆန်မြို့နယ် လွယ်ခမ်းနဲ့ ငွန်ဆိုင်းကြားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ​ပြည်သူ့စစ်ခေါင်းဆောင် ဦးထွန်းမြတ်လေး ပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာခံတွေက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

“သူက အခြားရွာကနေ လက်ဖက်ရည်သွားသောက်မလို့လား။ သောက်ပြီး ပြန်လာတဲ့အချိန်လား မသိဘူး။ အဲမှာ ပစ်ခံရတာ။ သေနတ်သံတွေတော့ ကြားရတယ်။ ရွာနှစ်ရွာကြားက တောင်ကာထားတော့ အသံတော့ သိပ်မကြားလိုက်ရဘူး။ သူ​သေသွားတာကတော့ သေချာပြီ။ ဘယ်လိုပုံစံနဲ့ သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး”

Catagories

နမ့်ဆန်မြို့အနီး စစ်အာဏာရှင် တပ်နဲ့ TNLA တိုက်ပွဲဖြစ်

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ နမ့်ဆန်

ဒီနေ့ မတ်လ ၁၄ ရက် ညနေ ၄ နာရီဝန်းကျင်မှာ နမ့်ဆန်မြို့အနီးရှိ လွယ်ခမ်းကျေးရွာမှာ စစ်အာဏာရှင် တပ်နဲ့ တအာင်းတပ်မတော် (TNLA)တို့ နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေချိန် အနီးအနားရှိ ဒေသခံတစ်ဦးက “TNLA က ပြည်သူ့စစ် ထွန်းမြတ်လေးအိမ်ကို လာပစ်တာ။ တပ်ကလည်း ကားသုံးစီးနဲ့ ရောက်လာပြီးတော့ အပြန်အလှန် ပစ်ကြတာ” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးနေအိမ် ထိမှန်ခဲ့ပြီး လူအထိအခိုက် ရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

Catagories

မူဆယ် ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဖမ်းဆီးခံရသူ (၂၃)ဦးအထိရှိပြီး ၄ ဦးသာ ပြန်လွတ်လာသေး

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ မူဆယ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဆန္ဒပြလှုပ်ရှားမှုမှာ ပါဝင်တာကြောင့် ဒီနေ့ မတ်လ ၁၄ ရက်အထိ ဖမ်းဆီးခံရသူ (၂၃)ဦးအထိရှိပြီး ၄ ဦး ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ ၄ ဦးထဲမှာ အသက်မပြည့်သေးတဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ နို့တိုက်မိခင်တစ်ဦးတို့ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြန်လွတ်လာတဲ့သူတွေက ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က ဖမ်းခံရတဲ့ (၁၃)ယောက်ထဲကသူတွေပဲ ပြန်လွတ်လာတယ်။ ကျန်တဲ့လူတွေတော့ ပြန်မလွတ်လာသေးဘူး”

Catagories

မိုးကုတ်မှာ သံဃာတော်အပါအဝင် လူ (၄၀)ထက်မနည်း ဖမ်းဆီးခံရ

ရွှေဖီမြေ၊ မတ်လ ၁၄ ရက်၊ မိုးကုတ်

စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်ကြတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က သံဃာတော် ၃ ပါးအပါအဝင် လူ (၄၀)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။

မတ်လ ၁၁ ရက် မနက်ပိုင်းက မြတ်စေတနာ ပရဟိတရုံးရှေ့နဲ့ ကမ္ဘာသစ် လက်ဖက်ရည်ဆိုင်ရှေ့မှာ ဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးဖို့ ပြည်သူတွေက ညနေ ၄ နာရီခန့်မှာ ဆန္ဒပြတောင်းဆိုခဲ့ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။

Catagories

CDM မှာ ပါဝင်တဲ့ လားရှိုးက ကျန်းမာရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ လားရှိုး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့ဆေးရုံမှ CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း အိမ်ရာကနေ ဖယ်ရှားခံနေရပါတယ်။

လားရှိုးမြို့ ရပ်ကွက် (၈)မှာရှိတဲ့ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရတာဖြစ်ပြီး မနက်ဖြန်မှာ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ပြောပေမဲ့ ဒီနေ့မှာပဲ ဖယ်ပေးခဲ့ကြပါတယ်။

CDM ဆက်လုပ်သူတွေ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားကြဖို့ ရဲ၊ စစ်တပ်နဲ့​ ထွေ/အုပ်က​နေတစ်ဆင့် တာ၀န်ခံဆရာ၀န်ကို အ​ကြောင်းကြားလာတာပဲ ဖြစ်ပါတယ်။

Catagories

မွေးဖွားခွင့် ယူထားတဲ့ ကွတ်ခိုင်က ကျန်းမာရေးဆရာမတစ်ဦး ဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာ ပြန်လွတ်လာ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ ပြည်သူ့ဆေးရုံက ဆရာမတစ်ဦးကို ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် ညနေ ၆ နာရီမှာ ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့ညနေမှာ ပြန်လွတ်လာတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ဒေါက်တာချမ်းမြေ့လင်းဟာ မွေးဖွားခွင့် ၆ လ ယူထားသူဖြစ်ပြီးတော့ ဒီနေ့ည ၇ နာရီမှာ ပြန်လွတ်လာတယ်လို့ ခင်ပွန်းဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

“ဒီညနေ ၇ နာရီဝန်းကျင်မှာ ပြန်လွတ်လာတယ်။ လာဖမ်းတာက CDM ကိစ္စပါပဲ။ ရဲတွေက ဆေးခန်းအထိ လာဖမ်းသွားတယ်”

Catagories

သိန္နီမှာ CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ရှားခိုင်း

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ သိန္နီ

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်က စတင်ပြီး CDM လုပ်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ရာကနေ ဖယ်ရှားခိုင်းတာကြောင့် ဝန်ထမ်းတွေဟာ ပစ္စည်းတွေကို ဒီနေ့ မတ်လ ၁၃ ရက်မှာ ရွှေ့လိုက်ကြပါတယ်။

သိန္နီမြို့ထဲက CDM လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက “ကျွန်မတို့က CDM လုပ်ပြီးကတည်းက အဲဒီအိမ်ရာမှာ မရှိတော့ဘူး။ သူတို့ဘက်က ဖယ်ရှားခိုင်းလို့ ကားတွေငှားပြီး ကျွန်မတို့ပစ္စည်းတွေကို ရွှေ့လိုက်တာပါ” လို့ ပြောပါတယ်။

အဲဒီအိမ်ရာကနေ CDM လုပ်တဲ့ ဝန်ထမ်းတွေအနေနဲ့ မနက်ဖြန် မတ်လ ၁၄ ရက် နောက်ဆုံးထားပြီး ဖယ်ရှားခိုင်းတာပဲ ဖြစ်ပါတယ်။

Catagories

CDM လုပ်နေတဲ့ တာမိုးညဲက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၃ ရက်၊ ကွတ်ခိုင်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဆေးရုံမှာ CDM လုပ်နေတဲ့ ဝန်ထမ်း (၁၁)ဦးဟာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

အလုပ်ပြန်မဝင်ရင် ဒီနေ့ မတ်လ ၁၃ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ပစ္စည်းတွေ လာရောက်သိမ်းယူကြဖို့ အကြောင်းကြားလာတာကြောင့် ဝန်ထမ်းတွေက ပစ္စည်းသိမ်းခဲ့ကြပါတယ်။

ဖယ်ရှားဖို့အတွက် ရဲ၊ စစ်တပ်နဲ့ ထွေ/အုပ်ကနေတစ်ဆင့် တာဝန်ခံဆရာဝန်ကို ပြောဆိုခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်ကလည်း CDM လုပ်နေတဲ့ တန့်ယန်းမြို့က ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံခဲ့ရပါတယ်။

Catagories

CDM လုပ်နေတဲ့ တန့်ယန်းက ကျန်းမာရေးဝန်ထမ်းတွေ အိမ်ရာကနေ ဖယ်ရှားခံရ

ရွှေဖီမြေ၊ မတ်လ ၁၁ ရက်၊ တန့်ယန်း

CDM လုပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့က ကျန်းမာရေး ဝန်ထမ်းတွေလည်း ဒီနေ့ မတ်လ ၁၁ ရက်မှာ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရပါတယ်။

မနေ့ မတ်လ ၁၀ ရက်မှာ CDM ဆက်လုပ်ရင် ဝန်ထမ်းအိမ်ရာကနေ ထွက်သွားဖို့နဲ့ မလုပ်သူတွေတော့ ဆက်လက်နေထိုင်နိုင်ကြောင်း သက်ဆိုင်ရာက လာရောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ဆေးရုံဝန်ထမ်း အများစုက CDM သာ ဆက်လက်လုပ်ဆောင်မှာ ဖြစ်တဲ့အတွက် ဒီနေ့မှာပဲ ဝန်ထမ်းအိမ်ရာကနေ ထွက်ခွာသွားကြပါတယ်။

Catagories

Subscribe to သတင်း