Skip to main content

About Us

ရွှေဖီမြေသတင်းဂျာနယ်

ရွှေဖီမြေသတင်းဂျာနယ်ကို ၂ဝ၁၉ ခု ဇွန်လ ၇ ရက်၌ သတင်းမီဒီယာကဏ္ဍတွင် စိတ်အားထက်သန် သည့် တအာင်းလူငယ် (၅) ဦးမှ စတင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အမည်နာမကိုလဲ (၅) ဦးစလုံး၏ သဘောတူညီချက်ဖြင့် “ရွှေဖီမြေသတင်းဂျာနယ်“ဟု ခေါ်ဝေါ်စေခဲ့သည်။


ရည်ရွယ်ချက်

–    ဒေသတွင်းရှိ သတင်းအချက်အလက်များကို တိကျမှန်ကန်စွာဖြင့် ဘက်မလိုက်ဘဲ ရေးသား ဖော်ထုတ်သည့် ဒေသန္တရသတင်းဌာနတစ်ခုအဖြစ် ရပ်တည်သွားမည်။


ရည်မှန်းချက်

–    ဒေသခံလူထုများ၏ အခွင့်အရေးကို ကာကွယ်မြှင့်တင်သွားနိုင်ရန်အတွက် Online Media မှတဆင့် ရှေ့ဆက် TV Channel တစ်ခုဖြစ်သည်အထိ လုပ်ဆောင်သွားမည်။


ဦးတည်ချက်

–    ဒေသခံလူထုများ ရသင့်ရထိုက်သော အခွင့်အရေးများကို မြှင့်တင်လုပ်ဆောင်ပေးနိုင်ရန်။

–    တိကျမှန်ကန်ပြီး ဘက်မလိုက်သော သတင်းဌာနတစ်ခုအဖြစ် ဒေသခံလူထုများအား သတင်း အချက်အလက်များ ပေးရန်။

–    စာဖတ်ပရိသတ်ဖြစ်သည့် လူထုနှင့် အစိုးရအကြား ပေါင်းကူးတံတားအဖြစ် လုပ်ဆောင်ကာ လူထုများ အတွေးအမြင် ဗဟုသုတများ တိုးပွားလာစေရန်။